Unceasingly Pray (Burmese)

ဧပြီလ ၁၆၊ ၂၀၂၀ ချစ်သော သန့်ရှင်းသူများ၊ ကိုယ်တော်သည် သင်တို့များစွာကို လက်ရှိ နှစ်ဆယ့်တစ်ရက်လုံးလုံး ဆုတောင်းခြင်း ၀န်တာ၌ ပါ၀င်ရန် နိုးထလာစေသောကြောင့် ကျွန်ုပ်တို့သည် သခင်ဘုရားကို ကိုးကွယ်ပါ၏။ ထိုသို့ အားဖြည့်ခံရသည့်နည်း လမ်း၌ လူတစ်ဦးအဖြစ် သဘောတညီတညွတ်တည်း၌ ဆုတောင်းရန် ကမ္ဘာတစ်၀န်းရှိ များစွာသောသူ တို့ အတူတကွ ပေါင်းစည်းဆက်နွှယ်ခြင်းမျိုးသည် ယခင်က တစ်ခါမျှ မရှိခဲ့ဖူးပါ။ ကျွန်ုပ်တို့၏ တက်ကြွ သော သခင်ဘုရားသည် အသင်းတော်၏ ဆုတောင်းခြင်းများကို ကြားကာ၊ ၎င်းတို့သည် ကိုယ်တော်၏ အလိုတော် ပြီးမြောက်ပြည့်စုံခြင်းထံသို့ အကျိုးသက်ရောက်မှု ရှိလာမည့်အကြောင်း ကျွန်ုပ်တို့ ယုံကြည် စိတ်ချမှု ရှိကြပါသည်။ ပို၍များစွာ ဆင်ခြင်စဥ်းစားခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်းပြီးနောက်၊ ကျွန်ုပ်တို့ သည် သန့်ရှင်းသူများအားလုံးထံသို့ ဤဆုတောင်းခြင်းကို နောက်ထပ်ကိုးရက် …